ရန်ကုန်မြို့ | မန္တလေးမြို့ | နေပြည်တော်မြို့ | မော်လမြိုင်မြို့ | ပဲခူးမြို့ | ပုသိမ်မြို့ |
မုံရွာမြို့ | မိတ္ထီလာမြို့ | စစ်တွေမြို့ | မကွေးမြို့ | တောင်ကြီးမြို့ | အခြားဒေသများ... |
ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.
ဗိုလ်တစ်ထောင် White Cloud ကွန်ဒိုတွင် အဆင့်မြင့် ပြင်ဆင်ထားသော ကွန်ဒိုခန်းငှားရန် ရှိသည်။ |
SN: R4437 | ||
စျေးနှုန်း | 30 သိန်းကျပ် / တစ်လ (≒1304 US$, 1US$≒2300Ks) | ||
---|---|---|---|
အကျယ်အဝန်း | 3000 ft2 (=278.7 m2) | ||
အမျိုးအစား | ကွန်ဒို | တည်နေရာ | ရန်ကုန်မြို့, Botahtaung ဗိုလ်တစ်ထောင် |
အခန်းပေါင်း | 2 Master bed room 3 Bed room 1 Living room 2 Dining room 4 Wash room 1 Kitchen | ||
|
|||
တည်ဆောက်ပုံ | Reinforced concrete ကွန်ကရစ် | အလွှာ / အထပ်ပေါင်း | 3rd floor / 10 building stories |
တည်ဆောက်သည့်နှစ် | Unknown မသိ | အပြင်အဆင် | Good ကောင်း |
ပရိဘောဂ | Full furnished ပရိဘောဂ အပြည့်အစုံ | လေအေးပေးစက် | 8 unit(s) |
ဓာတ်လှေကား | Yes ရှိ | ဖုန်း | No မရှိ |
ကားရပ်နားရန် | Yes ရှိ | ဝင်ရောက်နိုင်သည့်ရက်စွဲ | Immediately ချက်ချင်း |
ရှင်းလင်းချက် | White Cloud Condo သည် သိမ်ဖြူလမ်းမပေါ် ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသည်။ ဘေးကပ်ရပ်တွင် 5 Star သငေ်္ဘာရုံးရှိသည်။ Union Financial Center နှင့် ဝန်ကြီးများရုံးသို့ 5မိနစ်ခန့်လမ်းလျောက်ရုံဖြင့် ရောက်သည်။ ဂမုန်းပွင့်တွင် အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနှင့် မုန့်များ ဝယ်နိုင်သလို အသားငါးနှင့် ဟင်းသီးဟင်းရွက်များ လတ်လတ်ဆက်ဆက် လိုချင်သူများအတွက် လည်း ဗိုလ်ကလေးဈေးတွင် ဝယ်နိုင်သည်။ ညနေဘက် ဗိုလ်တထောင်ကမ်းနားတွင် အပန်းဖြေနိုင်သလို သငေ်္ဘာစီး၍ နေဝင်ရှုခင်းအလှကို လည်း ခံစားနိုင်ပါသည်။ ဗိုလ်တထောင်ဘုရားသို့ လမ်းလျောက်သွားနိုင်သည်။ ဆူးလေဘုရား၊ ဆူးလေရှန်ဂရီလာ၊ ဆာကူရာတာဝါ၊ ဗိုလ်ချုပ်ဈေး၊ ရန်ကုန်ဘူတာကြီး၊ Junction City တို့သို့ 5မိနစ်ခန့် ကားစီးရုံဖြင့်ရောက်သည်။ ရန်ကုန်မြို့ ၏ downtown စာရင်းဝင် မြို့နယ်တစ်ခုဖြစ်သည့်အတွက် ရုံးခန်းများ၊ ကုမ္မဏီများ စွာရှိသည်။ လူစည်ကား လူကြိုက်များသည့် လူကွန်ဒိုရှေ့တွင် ကြယ်ငါးပွင့် ဘတ်စ်ကားမှတ်တိုင်ရှိသည့်အတွက် ရုံးခန်းဖွင့်မည့်သူများ အလွယ်တကူ လမ်းညွှန်နိုင်သည်။ မီးပျက်လျှင် မီးစက်ဖြင့် ဓာတ်လှေကားအတွက် သာမက အခန်းတွင် မီးများပါရသည်။ မြေအောက်ကားပါကင် ရှိသည့်အပြင် တိုက်ရှေ့တွင်လည်း အဆင်ပြေသလိုရပ်နိုင်ပါသည်။ နှစ်လွှာရမည်ဖြစ်သဖြင့် အောက်ထပ်တွင် ရုံးခန်းဖွင့် ၍ အပေါ်ထပ်တွင် လူနေထိုင်နိုင်ပါသည်။ မိသားစုများသူများအတွက်လည်း အဆင်ပြေသည်။ နှစ်လွှာစလုံးကို ကိုရီးယားပါကေးခင်းထားပါသည်။ ပြတင်းပေါက် များစွာရှိသည့် အတွက် အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းသည်။ ပရိဘောဂများအနေဖြင့် TV၊ TVတင်စင်၊ ဆိုဖာ၊ စားပွဲ၊ မျက်နှာကျက် အလှမီးဆိုင်းများ၊ ဗီဒို၊ ကုတင်၊ မွေ့ယာ နှင့် အဲကွန်း ၈လုံး ရှိပါသည်။ လိုအပ်သည့်ပရိဘောဂများရှိသေးပါက ပိုင်ရှင်နှင့် ညှိနှုင်းနိုင်ပါသည်။ အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင် တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ နိုင်ငံခြားသားများအတွက်အဓိကကြသော Form C ကိစ္စအတွက်လိုအပ်လျှင် ကူညီပေးခြင်း၊ တံဆိပ်ခေါင်းကပ်ရန် ကူညီပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးပါသည်။ |
||
လမ်းပန်းဆက်သွယ်ရေး | YBS ၇၊ ၂၀ ကားများကို စီးသွားနိုင်သည်။ |
အကျိုးဆောင် / ပိုင်ရှင် သတင်းအချက်အလက် |
|||
ကိုယ်စားလှယ် | Sky Bridge Co., Ltd. |
||
---|---|---|---|
Phone | 01-2303085, 01-2303086 | ||
realestate@myanmarsb.com | |||
လိပ်စာ | No.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon |
Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။
Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။
If you see any entry which is strange or look like fake, please call us via 01-2303085.