ရန်ကုန်မြို့ | မန္တလေးမြို့ | နေပြည်တော်မြို့ | မော်လမြိုင်မြို့ | ပဲခူးမြို့ |
ပုသိမ်မြို့ | မုံရွာမြို့ | မိတ္ထီလာမြို့  | စစ်တွေမြို့ | မကွေးမြို့ |
တောင်ကြီးမြို့ | အခြားဒေသများ... |
ရန်ကုန်တိုင်းဒေသကြီးရှိအခြားမြို့များကိုရွေးချယ်ရန်ရန်ကုန်တိုင်းဒေသကြီး.
ကန်တော်ကြီးအနီးတွင် ကန်သာယာ လူနေကွန်ဒိုခန်း ရောင်းရန်ရှိသည်။ |
SN: S3457 | ||
ဈေးနှုန်း | 3800 Lakh Ks ကျပ်သိန်း (≒165217 US$, 1US$≒2300Ks) | ||
---|---|---|---|
အကျယ်အ၀န်း | 1582 ft2 (=146.9678 m2) | ||
အမျိုးအစား | ကွန်ဒို | တည်နေရာ | ရန်ကုန်မြို့ , Mingalar Taung Nyunt မင်္ဂလာတောင်ညွှန့် |
အခန်းပေါင်း | 1 Master bed room 2 Bed room 1 Living room 1 Dining room 2 Wash room 1 Kitchen | ||
|
|||
တည်ဆောက်ပုံ | Reinforced concrete ကွန်ကရစ် | အလွှာ / အထပ်ပေါင်း | 6th floor / 23 building stories |
တည်ဆောက်သည့်နှစ် | Unknown မသိ | အပြင်အဆင် | Good ကောင်း |
ပရိဘောဂ | Full furnished ပရိဘောဂ အပြည့်အစုံ | လေအေးပေးစက် | 5 unit(s) |
ဓာတ်လှေကား | Yes ရှိ | ဖုန်း | No မရှိ |
ကားရပ်နားရန် | Yes ရှိ | ၀င်ရောက်နိုင်သည့်ရက်စွဲ | Immediately ချက်ချင်း |
ရှင်းလင်းချက် | ကန်သာယာစင်တာသည် ရန်ကုန်မြို့၏ အဓိက အချက်အချာကျသော နေရာတွင်တည်ရှိပြီး ကမ္ဘာပေါ်တွင် တစ်ဆူတည်းရှိသော ရွှေတိဂုံဘုရားနှင့် လှပတင့်တယ်သည့် ကန်တော်ကြီး ဥယျာဉ်အနီး ရှိမင်္ဂလာတောင်ညွှန့်မြို့နယ် တွင် တည်ရှိသည်။ ကန်သာယာစင်တာတွင် Residence, Office Tower, Service Apartment နှင့် Hotel ပါဝင်ပါသည်။ အနောက်မြောက်ဘက်တွင် ရွှေတိဂုံစေတီတော်မြတ် ကိုဖူးမြော်နိုင်ပြီး၊ မြောက်ဘက်မှာရှိတဲ့ ကန်တော်ကြီးနဲ့ ရေပြင်က တိုက်ခတ်တဲ့ လေပြေလေညှင်းနဲ့ ရှုမျှော်ခင်းကို ခံစားနိုင်ပါတယ်။ အိမ်ခေါင်မိုးပေါ်မှာ တည် ဆောက်ထားတဲ့ လှပတဲ့ ဥယျာဉ်တို့ ရှိတာကြောင့် တစ်နေကုန် အလုပ်မှာမောပန်းပြီးအိမ်ပြန်လာချိန် လှပတဲ့နေ၀င်ချိန်ရှုခင်းနဲ့အတူ ရန်ကုန်မြို့ရဲ့ အလှကို ကြည့်ပြီးတော့လည်းအပန်းဖြေနိုင်မယ့် နေရာကောင်းတစ်ခုပါ။ မင်္ဂလာဈေး၊ ယုဇနပလာဇာ၊ ချက်ထရီယန်ဟော်တယ်၊ အသစ်ဖွင့်လှစ်မည့် ငါးပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် တို့နှင့်လည်းနီးသည်။ shopping စင်တာတစ်ခုပါဝင်သည့်အတွက် တိုက်အောက်ဆင်းလိုက်ရုံဖြင့် အလွယ်တကူဈေးဝယ်ထွက်နိုင်သည်။ facility ပြည့်စုံသည့် နိုင်ငံတကာအဆင့်မီကွန်ဒို ဖြစ်သည့်အလျောက် အားကစားရုံ (Gym) ကားပါကင်၊ ရေကူးကန် ၊အသားကင်လုပ်စားရန်နေရာ၊ မွေးနေ့ပါတီပွဲများကျင်းပရာနေရာ အစည်းအဝေးခန်းမ၊ ကလေးကစားကွင်း ၊၂၄နာရီလုံခြုံရေး၊ အနှိပ်ခန်း (Spa)၊ မီနီမတ် ဓာတ်လှေကား၊ အရေးပေါ်မီးသတ်စနစ်၊CCTV ကင်မရာ ၊ဘုံရေပေးဝေရေးစနစ် ၊ တံခါးလုံခြုံရေးသော့စနစ် ၊ထရန်စဖော်မာ၊ မီးစက် စသည်တို့ပါဝင်ပါသည်။ Master Bed -1ခန်းနှင့် ရိုးရိုးအိပ်ခန်း(၂)ခန်းပါပြီး 1582 Sqft ရှိသည့်အခန်းဖြစ်သည်။ အခန်းတွင်းပိုင်းကို အဆင့်မြင့်ပြင်ဆင်ထားပြီး ပရိဘောဂအပြည့်အစုံပါသည့်အခန်းဖြစ်သည်။ အသေးစိပ်သိရှိလို၍သော်လည်းကောင်း၊ အခန်းကြည့်ချင်၍သော်လည်းကောင်း ကောင်းကင်တံတား အိမ်ခြံမြေအကျိုးဆောင်သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်။ ကောင်းကင်တံတား အိမ်ခြံမြေအကျိုး ဆောင်နှင့် စာချုပ်ချုပ်ဆိုနိုင်ပါက စာချုပ်ပြင်ဆင်ပေးခြင်း လိုအပ်လျှင်ပိုင်ရှင်နှင့် ညှိနှိုင်းပေးခြင်း၊ အရောင်းအ၀ယ်နှင့်ပတ်သက်သော တရားဝင်စာရွက်စာတမ်းများ စစ်ဆေးနိုင်ရန်ကူညီပေးခြင်း၊ သက်ဆိုင်ရာ အစိုးရရုံးများမှ အချက်အလက်များရရန် ကူညီပေးခြင်းများတို့ကို ဆောင်ရွက်ပေးပါသည်။ |
||
လမ်းပန်းဆက်သွယ်ရေး | YBS ကားများကို စီးသွားနိုင်သည်။ |
Agent / Owner information |
|||
ကိုယ်စားလှယ် | Sky Bridge Co., Ltd. |
||
---|---|---|---|
Phone | 01-2303085, 01-2303086 | ||
realestate@myanmarsb.com | |||
လိပ်စာ | No.237-239, China Town Condo 8F, Corner of 10th street and Anawrahta Road, Lanmadaw Township, Yangon |
Tips:
ဤအကျိုးဆောင်ကုမ္ပဏီကို ဆက်သွယ်ရာတွင် “ဒီအိမ်ခြံမြေကို Myanmar Housing Website ကနေ ရှာတွေ့တာပါ” ဟု အရင်ဦးစွာ ပြောဆိုပြီး စုံစမ်းပါက ပိုမြိုမန်ဆန် ချောမွေ့စွာ ဆောင်ရွက်နိုင်ပါမည်။
Caution:
အကျိုးဆောင်ကုမ္ပဏီက ဖော်ပြထားသော အိမ်ခြံမြေများနှင့်ပတ်သက်သော အချက်အလက်များ မှန်ကန်မှု ရှိမရှိကို သေချာစွာစုံစမ်းပါ။ ပြဿနာ တစုံတရာ ဖြစ်ပွားပါက Myanmar Housing မှ တာဝန်ယူမည်မဟုတ်ပါ။ သက်ဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်း၍ ဖြေရှင်းပါ။
If you see any entry which is strange or look like fake, please call us via 01-2303085.